Karam (2025)
- ရုံတင်မည့်ရက် (အိန္ဒိယ): ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်
- ဒါရိုက်တာ: Vineeth Sreenivasan (ဗီနီသ် ဆရီနီဗာဆန်)
- ဇာတ်ညွှန်းရေးသူ: Noble Babu Thomas (နိုဘယ် ဘာဘူ သောမတ်စ်)
- အဓိက သရုပ်ဆောင်များ:
- Noble Babu Thomas (နိုဘယ် ဘာဘူ သောမတ်စ်)
- Audrey Miriam Henest (အော်ဒရီ မီရီယမ် ဟီနက်စ်)
- Manoj K. Jayan (မာနို့ဂျ ကေ ဂျေယန်)
- Kalabhavan Shajohn (ကာလာဘာဗန် ရှာဂျွန်)
- Baburaj (ဘာဘူရာ့ဂ်ျ)
- အမျိုးအစား: အက်ရှင်၊ သည်းထိတ်ရင်ဖို
အကျဉ်းချုပ်:
ဒီရုပ်ရှင်ဟာ ဒါရိုက်တာ Vineeth Sreenivasan ရဲ့ အရင်ဇာတ်ကားတွေနဲ့ မတူဘဲ ပိုပြီး အကြမ်းဖက်တဲ့ ဇာတ်လမ်းပုံစံကို ရိုက်ကူးထားတာဖြစ်ပါတယ်။
ဇာတ်လမ်းထဲက ဇာတ်လိုက်ဟာ အစွန်းရောက်အကြမ်းဖက်သမားတွေကို ရင်ဆိုင်တိုက်ခိုက်ရမယ့် သည်းထိတ်ရင်ဖို ဇာတ်လမ်းမျိုးဖြစ်ပါတယ်။
နမူနာဗီဒီယိုမှာပဲ သွေးထွက်သံယို အက်ရှင်တွေ၊ လက်သီးလက်မောင်း တိုက်ခိုက်မှုတွေနဲ့ ပြည့်နှက်နေတာကြောင့်
ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်လာမှာပါ။
အထူးသဖြင့် ဒီဇာတ်ကားဟာ မင်းသား Noble Babu Thomas ရဲ့ ပထမဆုံး အက်ရှင်ဇာတ်ကားဖြစ်တာကြောင့်
ပရိသတ်စိတ်ဝင်စားမှုကို ပိုမိုရရှိစေသွားနိုင်ပါတယ်။
